ကျွန်တော်သူငယ်ချင်းဝေယံဦးပို့ လိုက်တဲ့သူရေးထားတဲ့ဆောင်းပါးလေးပါ။
ဝေယံဦးကိုကျေးဇူးတင်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ခြင်း( Migraine)
7 Days News Journal 24 ရက်နေ့ ဒီဇင်ဘာလထုတ်မှ ကောက်နှုတ်ချက်
ခေါင်းကိုက်ခြင်းသည် လူအများတွင် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါတစ်မျိုးပင်ဖြစ်သည်။ ယခုကဲ့သို့ ရာသီဥတုပြင်းသည့် ကာလများတွင် မလွှဲမရှောင်သာ နေပူသွားလာရသောအခါ ခေါင်းကိုက်ဖူးကြပေမည်။
ခေါင်းကိုက်ခြင်း အမျိုးမျိုးရှိကြသော်လည်း ခေါင်းတစ်ခြမ်းတည်းတွင် ပြင်းပြင်းထန်ထန်ကိုက်ခြင်းမှာ မိုက်ဂရိမ်း ဟုခေါ်သော ရောဂါတစ်မျိုးပင်ဖြစ်သည်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းသည် ဦးခေါင်းတစ်ခြမ်းတည်းတွင် ပြင်းထန်သည့် တုန်ခါမှုမျိုး ဖြစ်ပေါ်နေခြင်း၊ တစ်ဆစ်ဆစ်နှင့် ကိုက်နေခြင်းမျိုး ဖြစ်ပေါ်လေ့ရှိပြီး ပျို့အန်ခြင်း၊ စူးရှသည့် အလင်းရောင်အား မခံနိုင်ခြင်း၊ ဆူညံကျယ်လောင်သည့် အသံအား မခံနိုင်ခြင်း စသော လက္ခဏာများ ဖြစ်ပေါ်တတ်သည်။
ခေါင်းတစ်ခြမ်းကိုက်ခြင်းသည် အသက်အရွယ်မရွေး၊ ကျားမမရွေး ဖြစ်ပွားတတ်သည်။ အသက်ငယ်ရွယ်သူများတွင် ပိုမိုဖြစ်ပွားတတ်ကြောင်း ဦးနှောက်နှင့် အာရုံကြော အထူးကု ဆရာဝန်ကြီး တစ်ဦးက ဆိုသည်။ အမျိုးသမီးများသည် လစဉ် ဓမ္မတာသွေးမပေါ်မီ၊ ပေါ်နေစဉ်နှင့် ပေါ်ပြီး အချိန်တို့တွင် မိုက်ဂရိမ်း ခံစားရလေ့ရှိသည်။ သွေးကြောများကို ကျယ်စေသည့် ဆေးဝါးများ စားသုံးနေရသူများသည်လည်း ခေါင်းတစ်ခြမ်းကိုက်ရောဂါများခံစားရတတ်သည်။ ရာသီဥတုပြောင်းလဲမှုသည် လည်း ဖြစ်ပွားစေသော အကြောင်းအရင်းများတွင်ပါဝင်သည်။
ထိုရောဂါအား မျိုးရိုးလိုက်သည့် ရောဂါတစ်ခုအဖြစ် ပညာရှင်များက လက်ခံထားကြပြီး မိမိ၏ မိသားစုထဲတွင် ရောဂါရှိသူရှိပါက မိမိတွင် ဖြစ်ပွားရန် ၇၀မှ ၈၀ ရာခိုင်နှုန်းအထိအလားအလာ ရှိကြောင်း သိရသည်။
အရက် (၀ိုင်အနီ)၊ ချောကလက်၊ နှစ်ချို့ဒိန်ခဲ၊ ငါးကျက်ကင်၊ အချိုမှုန့်၊ ကော်ဖီအကြိမ်ပေါင်းများစွာသောက်ခြင်း၊ ကဖိန်းဓာတ်ပါသည့် အစားအသောက်ပါသည့် ခေါင်းတစ်ခြမ်းကိုက်ခြင်းအား ပိုမိုဆိုးရွားစေနိုင်သဖြင့် ရှောင်ရန်လိုကြောင်းသိရသည်။
ရောဂါအမျိုးအစားများစွာရှိသည့်အနက် အဖြစ်များသောရောဂါမှာ ၃ မျိုးရှိသည်။ ထိုအမျိုးအစားများမှာ ကြိုတင်နိမိတ်ပြသော မိုက်ဂရိမ်း ( Classic Migraine)၊ ကြိုတင်နိမိတ်မပြသော မိုက်ဂရိမ်း ( Common Migraine)၊ ကာလရှည်ကြာစွဲကိုက်တတ်သော မိုက်ဂရိမ်း (Status Migraine) တို့ဖြစ်သည်။ မည်သည့် အကြောင်းအရာများကြောင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းဖြစ်ပွားရသည်ကို ပညာရှင်များအနေဖြင့် အတိအကျမပြောနိုင်သေးသော်လည်း လေ့လာတွေ့ရှိချက်များအရ ဦးနှောက်သွေားကြောများ ပထမဦးစွာကျဉ်းသွားပြီး နောက်ပိုင်းတွင် ကျယ်လာသည့် အချိန်မှစ၍ ခေါင်းကိုက်တတ်ကြောင်း ယူဆထားသည်။
ခေါင်းတစ်ခြမ်းကိုက်ခြင်း ခံစားရပါက တိတ်ဆိတ်ငြိမ်သက်ပြီး အလင်းရောင်နည်းသည့်အခန်းတွင် နေပါက ခေါင်းကိုက်သက်သာနိုင်သည်။ ခေါင်းအလွန်ကိုက်လာပါက မိုက်ဂရိမ်းအတွက် ဆေးများ သောက်သုံးခြင်း၊ အကိုက်အခဲပျောက်ဆေးများ သောက်ခြင်းဖြင့် သက်သာစေနိုင်သည်။ သို့သော် အကိုက်အခဲပျောက်ဆေးများ အလွန်အကျွံ မှီဝဲပါက ပိုမိုဆိုးရွားလာတတ်သောကြောင့် မိမိသဘောဖြင့် ကြာရှည်စွဲမသောက်သင့်ကြောင်းကိုလည်း လေ့လာမှတ်သားရပေသည်။
ထိုရောဂါသည် ဆေးကုသမှုပုံမှန်ခံယူပါက သက်သာပျောက်ကင်းစေနိုင်သော ရောဂါတစ်ခုဖြစ်ပြီး တစ်ခါတစ်ရံ ပြင်းထန်စွာကိုက်ခဲတတ်သော်လည်း အသက်အန္တရာယ်ဖြစ်ရန်ခဲယဉ်းကြောင်း သိရှိရသည်။
ထိုရောဂါခံစားနေရသော လူနာများအတွက် ရှောင်ရန်၊ ဆောင်ရန်များမှာ အိပ်ယာဝင်၊ အိပ်ယာထချိန်မှန်ခြင်း၊ ကျန်းမာရေးအတွက် ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အချိန်မှန်အစာစားခြင်း၊ စိတ်ဖိစီးမှုမရှိအောင် အတတ်နိုင်ဆုံးနေထိုင်ခြင်း၊ ကဖိန်းဓာတ်ပါသည့် အစားအစာများရှောင်ခြင်း၊ စူးရှသည့် အလင်းရောင်များကို ရှောင်ကြဉ်ခြင်း စသည်တို့ပြုလုပ်ရမည်ဖြစ်ကြောင်း အထက်ပါ အထူးကု ဆရာဝန်ကြီးက အကြံပြုထားသည်။ အရေးအကြီးဆုံးအချက်မှာ စားချိန်သောက်ချိန်အိပ်ချိန် မှန်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း ထပ်မံဖြည့်စွက်ပြောကြားသွားပေသည်။
ဝေယံ (ဆေး ၁)
ဝေယံဦးရေးတဲ့ဆောင်းပါးပါပဲ။ဒီကောင်လိုင်းပြောင်းသွားပြီထင်တယ်။
ကျေးဇူးတင်ပါတယ်။ကိုဝေယံဦး။
မေတ္တာကြီးပါ၊ သံယောဇဉ်မကြီးပါနဲ့….
( 7 days News 24 ရက်နေ့ထုတ် ဂျာနယ်မှကောက်နှုတ်ချက်)
မေတ္တာတရားသည် အေးမြခြင်း၊ ငြိမ်းချမ်းခြင်း၊ အဆင်ပြေသွားခြင်း၊ တစ်ယောက်အကျိုးစီးပွားကို အပြန်အလှန်လိုလားခြင်း၊ ကူညီစောင့်ရှောက်လိုခြင်းဆိုသော သဘောတရားကိုဆောင်သည်။ သံယောဇဉ်တရား ဆိုသည်မှာ ရစ်ပတ်နှောင်ပတ်ခြင်း၊ ချည်နှောင်ခြင်း သဘောတွေကို ဆောင်ပါသည်။ မေတ္တာတရားသည် ရေလိုလလိုအေးမြပြီး သံယောဇဉ်တရားသည် မီးလိုနေလို ပူလောင်ပါသည်။
ထိုတရားနှစ်ပါးသည် လောကကြီးနှင့်တိုက်ရိုက်ပတ်သတ်နေသော်လည်း ဆက်နွှယ်နေပုံမှာ မတူပေ။ လူတို့သည် မိမိပတ်သတ်ဆက်ဆံရသူများအား ပိုသံယောဇဉ်ကြီးတတ်ပေသည်။ သို့ရာတွင် ထိုဆက်ဆံရသူများ အဆင်မပြေ ဖြစ်သောအခါ ပူပန်စိုးရိမ်မိတတ်ကြသည်။ ထိုအခါ မေတ္တာတရားနှင့် ယှဉ်လိုက်ပါက ပိုကောင်းသည်။ စိုးရိမ်ပူပန်မှုများပေးနေမည့် အစား မေတ္တာတရားထားကာ လုပ်ဆောင်ပေးပါက မိမိရော သူတစ်ပါးပါ စိတ်နှလုံးအေးမြကြည်လင်နိုင်ပါသည်။ မေတ္တာတရား အားကောင်းလာသောအခါ မနာလို၊၀န်တိုမှုများပါ လျော့နည်းသွားပါမည်။ ထို့ကြောင့် မိမိနှင့် မိမိပတ်ဝန်းကျင် ဆက်ဆံရေး အဆင်ပြေလိုလျှင် သံယောဇဉ်ထက်မေတ္တာတရား ထားပါဟု တိုက်တွန်းချင်ပါသည်။
သို့ရာတွင် မိမိမည်မျှပင် မေတ္တာထားကာ ဆောင်ရွက်ပေးသော်လည်း အကျိုးမဖြစ်ထွန်းသောအခါ မည်သို့ ပြုမူရမည်ကို နောင်အခါ ဆက်လက်ရေးသားပါဦးမည်။ ကျေးဇူတင်ပါသည်။
ဝေယံ (ဆေး ၁)
————————————————————————————————
Mail ထဲကရလို့ စေတနာနဲ့ ဖော်ပြထားပါတယ်။
ကျွန်တော်ကတော့ရနေပြီ။
သူငယ်ချင်း
မင်းဘ၀အတွက်ဖူးစာရှင်ရှာကြည်.ရအောင်။
ပထမအဆင့်
”က”ကနေ ”အ”  အထိသည် ၁မှ၃၃အထိဖြစ် သည်။
မင်းနာမည်ကိုပေါင်းပါ။
Example
လှလှ=28+28(လ=၂၈)=56
ဒုတိယအဆင့်
ပေါင်းလဒ်ကို၉ဂဏန်းနှင်.စားပါ။
Example
56/9=2
ရလာသောအကြွင်းနှင်.မင်းရဲ.ဖူးစာရှင်ကိုသိနိုင်ပြီပေါ.။
တတိယအဆင့်
သုည=မင်းအရမ်းလေးစားသူ။
တစ်=မင်းနဲ.အသက်ကွာသူ။
နှစ်=မင်းအရမ်းချစ်ရသူ။
သုံး=မင်းအတွက်အေ၇းပါသူ။
လေး=မင်းကိုအမြဲတမ်းအလျှော.ပေးနေတတ်သူ။
ငါး=မင်းရဲ.အဝေးတစ်နေရာကသူ။
ခြောက်=မင်းရဲ.ပထမဆုံးသူငယ်ချင်းဖြစ်ခဲ.သူ။
ခုနှစ်=မင်းမထင်ထားတဲ.သူ။
ရှစ်=မင်းရဲ.အိပ်မက်တိုင်းမှာရှိနေသူ။
သူငယ်ချင်းတို.ရဲ့ဖူးစာရှင်ကိုဒီအကြွင်းလေးတွေအတိုင်းဖြစ်စေချင်တယ်ဆိုရင်ကျွန်တော်ကိုဆုတောင်းပေးကြပါ။“စာမေးပွဲဖြေတိုင်းအောင်ပါစေ”။
AZ$.org Production.
————————————————————————————————————————————————–
ကျွန်တော်အန်တီလေးမမေပိုင်ပိုင်ဇော်ပို့ လိုက်လို့ AZ$.org မှပြန်ပြီးဖောက်သယ်ချပေးလိုက်ပါတယ်။
ကွန်ပြူတာ ဖြင့် နေစဉ် ရက်ဆက် အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိ
ချွတ်ယွင်း၊ အားနည်းခြင်း တို.ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒီလို
မချွတ်ယွင်း၊ အားမနည်းအောင် ကျွန်တော် တို.ဘယ်လိုကာကွယ်ကျမလဲ။
ယနေ. အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပြူတာ ဖြင့် နေစဉ် ရက်ဆက်
အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း
တို.ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊
အားမနည်းအောင် ကျွန်တော် တို.ဘယ်လိုကာကွယ်ကျမလဲ။ အောက်ပါ နည်းလမ်းလေး တွေ ကို
လိုက်နာပေးလိုက်ပါ။
နေရာ မှန်ပါစေ
သင့်ရဲ. ကွန်ပျူတာ၊ keyboard၊ mouse တို. ကို နေရာ မှန်
ထားတက်ဖို.အရေးကြီးပါတယ်။ သင်.ရဲ. ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေ သင့်ရဲ.
လက်တဆန်.စာ အကွာ နဲ. မျက်လုံးရဲ. ၂၀ ဒီဂရီအောက် နိမ့် နေရပါမယ်။
အလင်းရောင်
သင့် အခန်းတွင်း အလင်းရောင်ပျံ.နှံ.နေပါစေ။ ဒါမှ ကွန်ပျူတာ screen မှလာသော
reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါစေ။ ကွန်ပျူတာ screen အား သင့်မျက်စိ
နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။
မျက်မှန်
Anti-reflective Lenses ပါသော မျက်မှန် ကို တပ် ပေးခြင်းဖြင့် တောက်ပသော အရာမှ
မှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ.မျက်စိဆရာဝန်က သင့် အား
ကွန်ပျူတာ နှင့် ထိတွေ.နေသူမှန်းသိရင် ထို Anti-reflective Lenses ထည့်ထားတဲ့
မျက်မှန်ကို ညွန်းပါလိမ့်မယ်။
မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀
ကွန်ပျူတာ နှင့် အလုပ်လုပ်သူများ မိနစ် ၂၀ လောက် ကြာတိုင်း ခေါင်းကို ခဏ
ဘေးကိုလှည့်ပြီး ပေ၂၀ လောက်ဝေးတဲ. အရာတခုခုကို ကြည့်ကြည့်ပေးပါ။ ဒါနည်းလမ်း ဟာ
သင့်ရဲ. ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ ၂၀ လောက်
မျက်စိ အား ပိတ်လိုက်ဖွင့် လိုက်လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကို
ရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း ၂၀ လောက်လမ်းလျှောက်ခြင်းဖြင့်
သွေးလှည်ပတ် စေပါတယ်။
မျက်စဉ်း ခတ်ပေးပါ
လူတယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ် ကျပါတယ်။ ဒါပေမယ့်
ကွန်ပျူတာနဲ. အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ် တာကို
သင်သတိထားမိပါသလား။ အကျိုးဆက်အနေဖြင့် မျက်စိအား ခြောက်ကပ်နေစေပါတယ်။ ထိုသို.
ခြောက်ကပ် မနေအောင် မျက်စဉ်း ခတ်ပေးနိုင်ပါတယ်။
လက်ဖ၀ါးအုပ်ခြင်း
ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင်.၇ဲ.လက်ဖ၀ါး နှစ်ခုအား နွေးလာသည်အထိ
ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖ၀ါးနဲ. သင့်မျက်စိနှစ်ဖက်ကို
၁မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။ သင့်မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း
၂ကြိမ်၊ ၃ကြိမ်လောက်လုပ်ပေးပါ။ ထို လက်ဖ၀ါးမှ လာသော နွေးထွေးမူသည် သင့်ရဲ.
ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။
မျက်နှာသစ်ခြင်း
အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင်. မျက်နှာသစ်ပေးပါ။ အင်မတန် လန်းဆန်း
ခြင်းကို ခံစားရပါလိမ့်မယ်။
လက်ဖက်ခြောက် အထုပ်
သောက်ပြီး သား လက်ဖက်ခြောက် အထုပ် ကလေး များကို လွင့်မပစ်ပဲ
ရေခဲသေတ္တာထဲထည်.ထားပြီး အားတဲ့အချိန်ကျရင် ထို လက်ဖတ်ခြောက်အထုပ် ၂ထုပ်အား
သင့်မျက်စိ တဖတ်စီိတွင် တင်ပြီး အနားယူပါ။ မျက်စိအားအေးမြ စေပါသည်။
အစားအသောက်
ဗီတာမင် အေ၊စီ၊အီး ပါသော အစားအစာများ ပိုစားပါ။ သံပရာရည်၊
အသီးအရွက်၊ခရမ်းချဉ်သီး၊ ဥ နှင့် နို.ထွက်ပစ္စည်းများ လဲ ပိုစားပေးပါ။
မျက်စိရောဂါ ကင်းဝေကြပါစေ။
—————————————————————————————————-
ကျွန်တော်အန်တီလေးမမေပိုင်ပိုင်ဇော်ပို့ လိုက်လို့ AZ$.org မှပြန်ပြီးဖောက်သယ်ချပေးလိုက်ပါတယ်။
OS နှင့်တူသောမိန်းမများ
(၁) Window နှင့်တူသော မိန်းမများ – တစ်ချို့မိန်းမတွေဟာ ဒီလောက်ကြီး
ကိုယ်ပိုင် အတွေးအမြင်တွေနဲ့ နေတတ်တာမျိုးတော့ မဟုတ်ဘူး၊ ဒါပေမယ့် . . .
ပတ်ဝန်းကျင် နဲ့တော့ အံ့သြစရာ ကောင်းလောက်အောင် ပနံသင့် နေတတ်ကြတယ်။
ဟိုနေရာလည်း သူပါလို့ ရတယ်၊ ဒီနေရာလည်း သူပါလို့ ရတယ်။ အများကလည်း
သူ့တို့ကိုတော်တယ်၊ တတ်တယ်လို့ မြင်နေတတ်တယ်။ နေရာတကာ ပါတတ်တဲ့သူတို့ရဲ့
စရိုက်ကြောင့် မျက်မုန်းကျိုး ခံရပြီး ရန်သူတွေလည်း အများအပြား
ရှိနေတတ်သူတွေပဲ။
(၁/က) Window 98 နှင့်တူသော မိန်းမများ – အရင်တုန်းကတော့
ယောကျာ်လေးအတော်များများက အထူအဆန်း နတ်မိမယ်လေးတွေလို့ အံ့သြတကြီး
စိတ်ဝင်စားခဲ့ကြဖူးပါတယ်၊ နောက်ပိုင်းမှာ သူတို့ကို ပိုင်ဆိုင်ခွင့်ရလို့
ခေါင်းတမော့မော့ လည်တဆံ့ဆံ့ ဖြစ်ခဲ့တဲ့ သူတွေကိုယ်တိုင်ကတောင် နောက်ပေါက်
အသစ်ကလေးတွေ ကို ကြည့်ပြီး သူတို့ကို လွင့်ပစ်ချင်စိတ်ပေါက်နေတာကို
ခံနေရတဲ့ မိန်းမတွေပါ။ တရားစခန်း ရောက်တဲ့ သူရောက်၊ ဘိုးဘွားရိပ်သာထဲ
သွားဖို့ပြင်တဲ့သူပြင် ဖြစ်နေတဲ့ မိန်းမတွေလည်း ဖြစ်ပါတယ်။
(၁/ခ) Window XP နှင့်တူသော မိန်းမများ – Window နဲ့တူတဲ့ မိန်းမတွေထဲကမှ
Window XP နဲ့ တူတဲ့ မိန်းမတွေက ပတ်ဝန်းကျင်နဲ့ ပိုပြီး အဆင်ပြေတယ်၊
ဒါပေမယ့် သူတို့မှာ ချွတ်ယွင်းချက်တွေ အများကြီး ရှိနေတာများတယ်။
အဲဒီအမှားတွေ အားလုံးကိုလည်း အကြောင်းပြချက် မျိုးစုံနဲ့ ဖုံးကွယ်ထားလေ့
ရှိတယ်။ သူတိုရဲ့ အားသာချက်က နေရာတကာ သိနေ တတ်နေတာလေးပဲ။
ကောင်းကောင်းသိပြီး ကျွမ်းကျွမ်းကျင်ကျင် တတ်နေတာမျိုးတော့လည်း မဟုတ်ဘူး။
ဟုတ်တာ မဟုတ်တာ အပထား . . . ၊ လူအတော်များများနဲ့ အသားကျ
အဆင်ပြေနေကြတာကြောင့် သူတို့ဟာ လူတွင်ကျယ်မလေးတွေ ဖြစ်ကြပါတယ်။
ခေတ်နဲ့လည်း သိပ်အဆက်မပြတ်လေတော့ နောက်ပေါက်တွေလောက် လန်ပျံ နေအောင်
မဝတ်နိုင်ပေပမယ့် နည်းနည်းပါးပါးတော့ ခေတ်မှီအောင် ဝတ်တတ်စားတတ်တဲ့
သူတွေပါ။
(၁/ဂ) Window Vista နှင့်တူသော မိန်းမများ – သူတို့ကို ကြည့်ရတာ
အရမ်းမိုက်တယ်၊ ခေတ်စကားနဲ့ ပြောရရင် အရမ်းလန်းတယ် ပေါ့ဗျာ။ ဒါပေမယ့်
သူတို့ကို ပိုင်ဆိုင်ဖို့ဆိုရင်တော့ သူတောင်းဆိုထားချက် တွေထက်ကို
ခင်ဗျားမှာ ပိုပြီး ပြည့်စုံနေဖို့ လိုလိမ့်မယ်။
သူတို့ရဲ့လိုအပ်ချက်တွေကို ပြည့်စုံအောင် ဖြည့်စည်းရင်းနဲ့ပဲ ခင်ဗျားမှာ
ရှိသမျှလေးတွေ ကုန်သွားနိုင်မယ် ဆိုရင်တော့ သူတို့ကို အလှသာ ထိုင် ကြည့်
ဖို့ စဉ်းစားပါ။ တကယ်လို့ ခင်ဗျားဟာ ပြည့်စုံ ကြွယ်ဝသူ တစ်ယောက်မို့
သူတို့ကို ပိုင်ဆိုင်ဖို့ သိပ်ဝန်လေးစရာ မလိုဘူးဆိုရင်တောင်
ခင်ဗျားဘဝအတွက် သူတို့ဟာ အဖော်မွန်ကောင်းတွေ ဖြစ်ချင်မှ ဖြစ်လာဦးမှာပါ။
ကိန်းကြီးခမ်းကြီး နိုင်လွန်းတဲ့ သူတို့ရဲ့စရိုက်ကို လက်ခံနိုင်တဲ့
ပတ်ဝန်းကျင်ကို ရှာပေးရ ပါဦးမယ်။
သူများတွေ “ဒီအရပ်နဲ့ ဒီဇတ်” အဆင်ပြေပြေ ကနေချိန်မှာ ခင်ဗျားဟာ
ဖောင်စီးရင်းရေငတ် နေရပါဦးမယ်။ နောက်ထပ် စိတ်မကောင်းစရာ သတင်းတစ်ခုက
ခင်ဗျားအခုတွဲနေတဲ့ အမိုက်စားလေး ထက် ပိုပြီးလန်းမယ့် သူလေးတွေ
လာဦးမယ်ဆိုလားပဲ . . . . ကဲ . . . အဲဒီအခါကျရင် ခင်ဗျားရဲ့
အမိုက်စားလေးကို ဘယ်သွားထားရပါလိမ့် ?
(၁/ဃ) Window 7 နှင့်တူသော မိန်းမများ – သူတို့ဟာ ဘယ်ဆီမှာ မှန်းတော့
သေချာ မသိရသေးဘူး၊ နောက် . . . သူတို့ဟာ ဘာတွေ ပိုတော်တယ်၊ ဘာတွေ
ပိုကျွမ်းကျင်တယ် ဆိုတာလည်း ဘယ်သူမှ တိတိကျကျ မသိရသေးဘူး။ အားလုံးက
သူတို့ဟာ အပြည့်စုံဆုံး အမျိုးသမီးကောင်းလေးတွေ လို့ ယူဆ
မျှော်လင့်နေကြတယ်။ အောင်သွယ်တော် ပွဲစားကြီး ဘီလ်ဂိတ် ကလည်း သူ ဒီတစ်ခါ
မိတ်ဆက်ပေးမယ့် မိန်းကလေးဟာ မိန်းမအားလုံးရဲ့ အပြည့်ဝဆုံး
နောက်ဆုံးမျိုးဆက် ဆိုလားပဲ။ ခက်တာက သူ့စကား ကိုလည်း ယုံရခက်ခက်ရယ်၊
သူနောက်ဆုံး မိတ်ဆက်ပေးထားတဲ့ မိန်းကလေးတွေဟာ အရမ်းကို ငွေမက်လွန်းတယ်၊
ဂဂျီဂဂျောင်လည်း ကျသလား မမေးနဲ့။ ဟိုဟာနဲ့ဆိုလည်း သူတို့နဲ့ မတည့်ရတာနဲ့၊
ဒီဟာနဲ့ဆိုလည်း သူတို့နဲ့ မကိုက်ရတာနဲ့။
(၂) Linux နှင့်တူသော မိန်းမများ – သူတို့တတွေဟာ အရင်တစ်ချိန်တုန်းကတော့
နွံနစ်နေတဲ့ ရွက်ပုန်းသီးလေး တွေ သာသာ အဆင့်မှာပဲ ရှိခဲ့ကြပါတယ်။
နောက်ပိုင်းမှာ သူတို့ရဲ့ အရည်အချင်းတစ်ချို့ကြောင့် လူသိများလာ သူလေးတွေ
ဖြစ်ပါတယ်၊သူတို့ဟာ အခြေခံလူတန်းစား ဘဝကနေ ဖြတ်ကျော်လာကြသူတွေမို့
မလိုတာကို မတောင်းဆိုတတ်ဘူး . . . ။ သူတို့ကို ချစ်မြတ်နိုးသူတွေဟာ
ပညာရှင်ဆန်လွန်းတဲ့ ပတ်ဝန်းကျင်က လူတွေသာ ဖြစ်နေတာ များပါတယ်။
အခြားလူတွေအတွက်တော့ သူတို့ဟာ ချစ်စရာကောင်းပေမယ့် သူတို့တွေ လက်ခံလာ
အောင် ဘယ်လို ချစ်စကားဆိုရမလဲ မသိတာနဲ့ အသာထိုင်ကြည့်တာကို ခံနေရသူလေးတွေ
ဖြစ်ပါတယ်။
(၂) Macintoch(Apple) နှင့်တူသော မိန်းမများ – ဒီအမျိုးသမီးတွေရဲ့
ခံယူချက်ကိုက တော်တော်လေး ထူးခြား ပါတယ်၊ “Think Different” တဲ့။
သူတို့ဟာ ပင်ကိုယ်က ထူးချွန်တဲ့ အမျိုးသမီးတွေပဲ၊ နောက် တော်တော်လည်း
တင်တင်စီးစီးနိုင်ပါတယ်။ တော်ရုံတန်ရုံ လူကိုတော့ စာရင်းထဲတောင်
မထည့်ဘူးဆိုတဲ့ အမျိုးထဲကပါ။ သူတို့ကို မိန်းကလေး အုပ်စု
အတော်များများမှာ တွေ့ရခဲပါတယ်။သူတို့ဟာ မိန်းကလေးအုပ်စုထဲမှာ
ရောရောနှောနှော မနေတတ်သလို၊ ယောကျာင်္လေးတစ်ရုံးရုံးနဲ့ နေတတ်တဲ့
မိန်းမမျိုးလည်း မဟုတ်ပြန်ဘူး။ တကိုယ်ကောင်း ဆန်ပြီး တစ်သီးတစ်ခြား
လုပ်လွန်းတယ်လို့ ဘယ်လောက်ပဲပြောပြော တကယ်လုပ်ကြစတမ်းဟေ့ဆိုရင်လည်း
သူ့တို့ကိုမီအောင် ဘယ်မိန်းကလေးမှ မလုပ်နိုင်ကြ ပြန်ပါဘူး။
ပတ်ဝန်းကျင်နဲ့ သင့်မြတ်အောင် သိပ်ပြီး ဂရုစိုက်နေလေ့ မရှိသော်လည်း
အလုပ်တစ်ခုလုပ်ပြီးဆိုရင် ဘယ်သူမှ သူ့မကို အားမကိုးပဲ မနေနိုင်တဲ့
မိန်းမမျိုး ပါ၊ ဒါပေမယ့်ဗျာ . . . မြန်မာနိုင်ငံမှာတော့ အဲဒီလို
အမျိုးသမီးမျိုး မတွေ့ဘူးသေးဘူးဗျ။
ကျွန်တော်ကောင်မလေးကMacintoch(Apple) နှင့်တူသော မိန်းမများထဲမှာပါတယ်.
  • Share/Bookmark